အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါညမှာ ကျင်းပသွားတဲ့ သမ္မတလောင်းနှစ်ဦး ပထမဆုံးအကြိမ် စကားရည်လုပွဲမှာတော့ လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း Joe Biden တို့ တဘက်နဲ့တဘက် အတော် ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ကြပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးကိုင်တွယ်ပုံ၊ တရားဥပဒေစိုးမိုးရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာ၊ နိုင်ငံစီးပွားရေးနဲ့ အကောက်ခွန်၊ အစရှိသဖြင့် နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို မိနစ် ၉၀ ကြာ အခြေအတင်ပြောဆိုကြပြီး ပုဂ္ဂိုလ်ရေးထိုးနှက်မှုတွေလည်း ပါဝင်ခဲ့တာပါ။ VOA သတင်းထောက် Mike O’Sullivan ရဲ့ သတင်းပေးပို့ချက်ကို မစုမြတ်မွန်တင်ပြပါမယ်။