တိုင်ပေရဲ့အကြီးဆုံးတိရစ္ဆာန်ဥယျာဉ်မှာကိုရိုနာဗိုင်းရပ်စ်ကြောင့်ဧည့်သည်လာရောက်လည်ပတ်မှုကျဆင်းနေစဉ်အတွင်းမှာပဲမကြာသေးခင်လတွေကပန်ဒါဝက်ဝံနဲ့သင်းခွေချပ်အပါအဝင်အကောင်လေးတွေပေါက်ဖွားခဲ့ပါတယ်။ဒီနှစ်အတွင်းမှာတိုင်ပေတိရစ္ဆန်ဥယျာဉ်ဆီလည်ပတ်မှုနည်းခဲ့ပေမယ့်တာဝန်ရှိသူတွေကတော့မွေးလာတဲ့သားပေါက်လေးတွေကိုဂရုတစိုက်စောင့်ရှောက်ဆဲဖြစ်ပါတယ်။ထိုင်ဝမ်တောင်ဆိတ်၊ယူရေးရှားဖျံများ၊အာဖရိကပင်ဂွင်းများ၊ခိုအားလား၊လည်ဆံမွေးဖွားမျောက်ငယ်တွေနဲ့ရှဉ့်မျောက်လေးတွေဟာ၂၀၂၀ခုနှစ်အစပိုင်းကတည်းကမျိုးပွားနေခဲ့ကြတာပါ။
သတင်းအပြည့်အစုံ - www.mizzimaburmese.com/article/74040
တည်းဖြတ် - ဇော်မင်းထွေး
တင်ဆက် - ဇော်မင်းထွေး