မြိတ်နှင့် ပုလောတွင် COVID-19 ကူးစက်ခံရသူ ၁၄ ဦး ထပ်တိုး

အောက်တိုဘာ ၊ ၁

မြိတ်ခရိုင်အတွင်းရှိ မြိတ်နှင့် ပုလောမြို့နယ်တွင် သံဃာတော် ခုနစ်ပါး အပါဝင် COVID-19 ပိုးကူးစက်ခံရသူ ၁၄ ဦး ထပ်တိုး လာပြီး အဆိုပါ ကူးစက်ခံရသူများမှာ ရန်ကုန်ပြန် ခရီးသွား ရာဇဝင်ရှိသူများနှင့် ထိတွေ့ ကူးစက်သူများ ဖြစ်ကြောင်းသိရ သည်။

အဆိုပါ ၁၄ ဦးအနက် ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ကိုးဦးမှာ ရန်ကုန်ပြန် ကွာရတင်းထားရှိသူများဖြစ်ပြီး မြိတ်မြို့နယ်ရှိ ငါးဦးမှာ ရောဂါပိုးရှိသူနှင့် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခံရသူများ ဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ပုလောမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ပြုံးချိုက“ပုလောမှာက သံဃာတော် ခုနစ်ပါးနှင့် လူနှစ်ဦး ဖြစ်ပါတယ်၊ ရန်ကုန်က ဆေးကုသမှု ခံယူပြီး ပြန်လာကြတဲ့ သူတွေ ဖြစ်တယ်”ဟု ပြောဆို သည်။

မြိတ်မြို့တွင် ကူးစက်ခံရသူများမှာ ပြီးခဲ့သည့်လက ရန်ကုန်ပြန် ခရီးသွား ရာဇဝင်ရှိသူ နှစ်ဦးနှင့် ထိတွေ့မိခဲ့သူ တစ်ရပ်ကွက်တည်းနေ နေအိမ် တစ်အိမ်မှ မိသားစုဝင် ငါးဦး ကူးစက်ခံထားရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် COVID-19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly