အင်တာမီလန်အသင်းဟာ ဘာစီလိုနာမှ ကွင်းလယ်ကစားသမား အာတူရို ဗီဒယ်လ်ကို အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ဗီဒယ်လ်နဲ့ ဆေးစစ်မှုကို ဒီကနေ့ တနင်္လာနေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် ၂၄ နာရီအတွင်း အပြီးသတ် စာချုပ်ချုပ်နိုင်မှာဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရွယ် ချီလီကစားသမားနဲ့ နည်းပြ အန်တိုနီယို ကွန်တီတို့ဟာ ဂျူဗင်တပ်စ်မှာ စီးရီးအေချန်ပီယံ ၃ ကြိမ်ဆက်ကို အတူတကွဆွတ်ခူးခဲ့ပြီးနောက် ပြန်လည် လက်တွဲကြတော့မှာလည်းဖြစ်ပါတယ်။
အင်တာရဲ့ ပထမဆုံးပွဲစဉ်ဟာ စတင်ဘာ ၂၆ ရက်မှာ ဖီအိုရင်တီးနဲ့ဖြစ်ပြီး သူတို့ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ရေးဆွဲထားတဲ့ တန်းတက် ဘင်နီဗင်တိုအသင်းနဲ့ပွဲကို ဖီအိုရင်တီးနားနဲ့ပွဲအပြီး ၄ အကြာမှာ ကစားရမှာဖြစ်ပါတယ်။