အမှားပြင်ဆင်ချက်
****************
ချင်းပြည်နယ် ပလက်ဝမြို့ ကို COVID-19ကာကွယ်ရေးပစ္စည်းပို့သည့် ယာဉ်တန်းအား AAလက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှားကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဒီသတင်းအမှားကို ရွှေစုဆိုတဲ့ အကောင့်ပိုင်ရှင်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး စိုးမောင်မောင်သွင်ဆိုတဲ့ အကောင့်ပိုင်ရှင်က ပြန်လည်ကူးယူဖော်ပြခဲ့ပါတယ်။
အခုလို ပြန်လည်ကူးယူဖော်ပြခဲ့တဲ့ပို့စ်ဟာ လူအများကိုအထင်မြင်လွဲမှားစေခဲ့ပါတယ်။
အဲ့ဒီပို့စ်ကို Like လုပ်သူ ၂ထောင်နီးပါးနဲ့ ထပ်ဆင့်ပြန်လည်မျှဝေသူက ၆၅၀၀ကျော်ရှိခဲ့ပါပြီ။
တင်ဆက်- ဆုမြတ်မေဇော်