မန္တလေးမြို့သို့ ဝင်ရောက်မည့် ကုန်တင်များ ရမည်းသင်းမြို့တွင် ပိတ်မိ

မန္တလေးမြို့သို့ ဝင်ရောက်မည့် ကုန်တင်များ ရမည်းသင်းမြို့တွင် ပိတ်မိ

ကုန်တင်ယာဉ်တွေကနေတစ်ဆင့် COVID-19 ရောဂါ ကူးစက်တာတွေ မရှိစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တွေကနေ မန္တလေးတိုင်း ဒေသကြီးကိုလာမယ့် ကုန်တင်ယာဉ်တွေအနေနဲ့ ရမည်းသင်းမြို့မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ပြောင်းလဲမောင်းနှင်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီညွှန်ကြားချက်ထွက်ပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့ကစကာ ရမည်းသင်းမြို့ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်အစီး ရာချီ ပိတ်မိနေပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly