သြဂုတ် ၁၂
Alphabet Inc ကုမ္ပဏီ၏ ဂူဂဲလ် android ဖုန်းတွင် ကမ္ဘာတစ်ဝန်းက ငလျင်ထောက်လှမ်းရေးစနစ်ကို စတင်သည်။
အဆိုပါ ငလျင်အာရုံခံစနစ်အားဖြင့် အသုံးပြုသူ ဘီလီယံများစွာထံ အနီးနားက တုန်ခါမှု သတိပေးချက်များကို ပေးပို့နိုင်မည်ဖြစ်သည်။
ဂျပန်၊ မက္ကဆီကိုနှင့် ကယ်လီဖိုးနီးယားတို့သည် သတိပေးချက်များ ရရှိရေး မြေပြင်အခြေစိုက် အာရုံခံစနစ်များကို အသုံးပြုထားပြီး ဖြစ်သည်။
တုန်ခါမှုများ မစတင်မီ ငလျင်ဗဟိုချက်နှင့် ဝေးကွာစေခြင်းဖြင့် ထိခိုက်ပျက်စီးမှုများကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်သော စနစ်ဖြစ်သည်။
ဂူဂဲလ်အနေဖြင့် ထောက်လှမ်းခြင်းနှင့် နှိုးဆော်ခြင်း လုပ်ငန်းစဉ်ကို ထိရောက်ကောင်းမွန်စွာ ဖော်ဆောင်နိုင်ခဲ့မည်ဆိုပါ ငလျင် သတိပေးချက်များသည် ပို၍ လူများများဆီ ရောက်ရှိမည် ဖြစ်သည်။
စမတ်ဖုန်းများကို အသေးစားငလျင်စက်အဖြစ် ဖော်ဆောင်ခြင်းသည် အဓိကကျသော တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း ဂူဂဲလ်က အကြံဉာဏ်ရယူသည့် မြေငလျင်ပညာရှင်များက ပြောသည်။