ပြင်သစ်ရဲ့ လီဂူး-၁ ဘောလုံးရာသီဟာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် အစောကြီး ပိတ်သိမ်းခဲ့ရပြီးတဲ့နောက် အားမိစ်အသင်းဟာ သူတို့ရဲ့ မျှတမှုမရှိဘဲ တန်းဆင်းပေးရတဲ့အတွက် တရားစွဲဆိုမှုကို စတင်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်အစိုးရဟာ ၂၀၁၉-၂၀ အားကစားရာသီကို ဖျက်သိမ်းခဲ့ပြီးနောက်မှာ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့လက ချန်ပီယံအဖြစ် သတ်မှတ်ခံခဲ့ရပြီး အားမိစ်အသင်းနဲ့ တူးလော့စ်အသင်းတို့ နှစ်သင်းက တန်းဆင်းသွားခဲ့ရပါတယ်။
အားမိစ်အသင်းဟာ ပွဲကျန် ၁၀ ပွဲကစားဖို့ ရှိပြီး အမှတ်ပေးဇယားမှာ နန့်စ်အသင်းရဲ့အောက် ၄ မှတ်အကွာ၊ တူးလော့စ်အသင်းရဲ့အထက် ၁၀ မှတ်အသာနဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်ခဲ့တာပါ။
ကလပ်ဥက္ကဋ္ဌBernard Joannin က သူတို့ဟာ မမျှတတဲ့ ဆုံးဖြတ်ချက်ကို တွန်းလှန်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက "ဒီဆုံးဖြတ်ချက်ဟာ အားကစားညီတူညီမျှမှုကို ဆန့်ကျင်တာပဲဆိုတာ ကျနော်တို့ သိတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ လိဂ်ပြိုင်ပွဲ့နေ ပြစ်ဒဏ်တစ်ခုဖြစ်တယ်။ ဒါက မတရားဘူး။"
"ဒီမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်ကို မှောက်လှန်ဖို့ ကျနော်တို့ကို တရားရုံတွေဆီ သွားပြီး တိုက်ပွဲဝင်သွားဖို့ တွန်းအားပေးရာကျပါတယ်။"
ဒီလအစောပိုင်းက အားမိစ်အသင်းဟာ အသင်းနှစ်သင်း တန်းဆင်းဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားစေလိုပြီး ၂၀၂၀-၂၁ ရာသီ လီဂူး-၁ ပြိုင်ပွဲမှာ အသင်း ၂၀ အစား အသင်း ၂၂ သင်းထားရှိဖို့ လီဂူးဘောလုံးအဖွဲ့ချုပ်ထံ လျှောက်ထားချက်တစ်ခု တင်သွင်းခဲ့ပါတယ်။
ဒီလျှောက်ထားချက်အရ လီဂူး-၂ ကနေ တန်းတက်လာမယ့် လော်ရီယန့်အသင်းနဲ့ လန်းစ်အသင်းတို့ ပါဝင်မှာဖြစ်ပါတယ်။
ကလပ်ရှေ့နေ ခရစ်စတိုဖ် ဘာထရန်က "ကျနော်တို့က ရာသီ ရပ်နားဖို့ ဆုံးဖြတ်ချက်ကို ခုခံငြင်းဆိုနေတာ မဟုတ်ပါဘူး။ ဒါက တကယ်တော့ ဒီတရားစွဲဆိုမှုရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒါဟာ နည်းနည်းတော့ သင့်လျော်မှာတော့ မဟုတ်ပါဘူး။"
"သို့သော် ချမှတ်ခံခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေကို ကျနော်တို့က ခုခံနေတာပါ။"
Ref; AFP, BBC