အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး မွိုက်စ်ကိန်းကတော့ Covid-19 ကာလမှာ ကောင်မလေးတွေနဲ့ သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ပါတီပေးခဲ့လို့ အဲဗာတန်အသင်းရဲ့ ဒဏ်ငွေရိုက်ခြင်းကို ခံလိုက်ရပါပြီ။
မွိုက်စ်ကိန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက သူနေထိုင်တဲ့ ချက်ရှိုင်းယားက နေအိမ်မှာ ပါတီပွဲ ကျင်းပခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ အကမယ်တွေကို ငှားရမ်းခဲ့တာပါ။
#FOOTBALL Moise Kean to be hit with six-figure fine by Everton after raunchy party https://t.co/xAzy8X9lVa pic.twitter.com/9lNu2Udzgg
— Steve Brookes MBE (@SteveBrookesMBE) April 26, 2020
၂၀၁၉ သြဂုတ်လတုန်းက အဲဗာတန်အသင်းဆီ ယူရို (၂၇.၅)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးလေးဟာ အဲဗာတန်အတွက် (၂၂)ပွဲ ကစားခဲ့ပြီးပေမယ့်လည်း သွင်းဂိုး တစ်ဂိုးသာ ရရှိခဲ့တာပါ။
ပါတီပွဲထဲမှာပါတဲ့ ကိန်းရဲ့ သူငယ်ချင်းတစ်ယောက်က ဗီဒီယိုရိုက်ပြီး Snapchat မှာ တင်လိုက်ရာကနေ ဒီပါတီအကြောင်းကို အသင်းနည်းပြ အန်ဆယ်လော့တီ ကိုယ်တိုင်သိသွားခဲ့ပြီး ကိန်းကို (၂)ပတ်လုပ်ခ လစာ ဒဏ်ငွေ ပေါင် (၁)သိန်း ချမှတ်လိုက်တာပါ။
Pictured: Female guests give lap dances during Moise Kean’s lockdown house party https://t.co/SQo0FMOIpp pic.twitter.com/qKz9CDd45m
— WhatsNew2Day (@whats_new_2day) April 26, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ရသလို၊ ကစားသမားတွေအနေနဲ့ နေအိမ်မှာပဲ နေကြဖို့ စည်းကမ်းချက်တွေ ထုတ်ထားပေမယ့် မွိုက်စ်ကိန်းကတော့ အသင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး ပါတီပွဲ ဆင်နွှဲခဲ့တာပါ။
အဲဗာတန်အသင်းရဲ့ တာဝန်ရှိသူတွေက အသင်းကစားသမားတစ်ဦးဟာ အစိုးရရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့သလို ကလပ်အသင်းရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှု အစီအစဉ်တွေကိုလည်း ဖောက်ဖျက်ခဲ့လို့ စိတ်ပျက်ခဲ့ရပြီး အသင်းအနေနဲ့ လက်မခံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
spoilt millionaire'Fans outraged and Everton 'appalled' by striker Moise Kean's raunch party https://t.co/SArImQjcLW Piece of rubbish! pic.twitter.com/LZCFFagh7j
— Deanna Bollo (@BolloDeanna) April 26, 2020
နိုင်ငံတွင်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အသက်နဲ့ရင်းပြီး အလုပ်လုပ်နေရတဲ့အချိန်မှာ သူတို့ကစားသမားရဲ့ လုပ်ရပ်က ရှက်စရာဖြစ်ခဲ့ပြီး အသင်းအနေနဲ့ တောင်းပန်ကြောင်းကိုလည်း တရားဝင် စာထုတ်ပြီး အသိပေးခဲ့ရတာပါ။
မန်စီးတီးအသင်းနောက်ခံလူ ဝေါ်လ်ကာ၊ ဗီလာအသင်းခေါင်းဆောင် ဂရီယယ်လစ်ရှ်တို့လည်း မွိုက်စ်ကိန်း မတိုင်ခင်က ဒီလိုအပြုအမူမျိုးကို ပြုလုပ်ခဲ့ကြပြီး သူတို့ရဲ့ အသင်းတွေကလည်း ကစားသမားတွေကို နှစ်ပတ်လုပ်ခ လစာတွေ ဖြတ်တောက်ခဲ့ကြပါတယ်။
@kylewalker2 breaking #lockdown rules by hosting a party involving two sex workers/#footballers... Money doesn't stop the virus spread you.
So hard to behave in a socially acceptable manner.
Going against #NHSheroes advise https://t.co/Bf57ZlWJpq— Dan Nec (@OurBetterWorld3) April 26, 2020
ဝေါ်လ်ကာဟာ သူ့ရဲ့အပြုအမူကြောင့် ပေါင် (၂၄၀၀၀၀)လောက် ဒဏ်ရိုက်ခံခဲ့ရသလို ဂရီယယ်လစ်ရှ်ကလည်း ပေါင် (၁၅၀၀၀၀) ဒဏ်ငွေအရိုက်ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။