ကစားသမားတစ်ယောက်ခေါ်ဖို့ဆိုရင် နှစ်နဲ့ချီပြီး စဉ်းစားနေတဲ့ နယူးကာဆယ်အသင်းရဲ့ အချိန်တွေ ကုန်လွန်သွားပြီလို့ ပြောရတော့မယ်ထင်ပါတယ်။ အသင်းကို (၁၃)နှစ်ကြာအောင် ဒုက္ခပေးခဲ့တယ်လို့ နာမည်ထွက်ခဲ့တဲ့ မိုက်အက်ရှ်လေဟာ သူ့အသင်းကို ပေါင်သန်း ၃၀၀ နဲ့ ရောင်းချပြီး နယူးကာဆယ် ပရိသတ်တွေကို ပျော်ရွှင်မှုပေးခဲ့တာကြောင့်ပါပဲ။
နယူးကာဆယ်ဟာ အခုဆိုရင် အလုံးစုံ ပြောင်းလဲသွားတော့မယ်လို့ ပရိသတ်တွေက ထင်နေကြပါတယ်။ အကြောင်းရင်းကတော့ ဆော်ဒီရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ဝယ်ယူခြင်းကို ခံလိုက်ရတာကြောင့်ဖြစ်ပြီး ငွေကို ရေလိုသုံးတတ်တဲ့ အာရပ်သူဌေးတွေဟာ အသင်းဆီကို ကစားသမားကောင်းတွေ အများကြီး ခေါ်ယူလာလိမ့်မယ်လို့ ယုံကြည်နေကြတာကြောင့်ပါ။
BREAKING
Mbappe reveals dream of playing in Premier League with his boyhood club Newcastle UnitedHe said, " I still have a contract with PSG which I respect but Newcastle United is a club I grew up watching. Santiago Munez was someone whom I role modeled." pic.twitter.com/8050CD4oDn
— B/R Football (@TheFootballCor4) April 15, 2020
မန်စီးတီးအသင်းကို ရှိတ်မန်ဆာ တစ်ယောက် ဝယ်ယူလိုက်တဲ့အချိန်တုန်းကနဲ့ ယှဉ်ပြီး ပရိသတ်တွေက မျှော်လင့်နေကြတာပါ။ တကယ်တော့ သူတို့ မျှော်လင့်တာလည်း မမှားပါဘူး ။ မန်ယူအသင်းကိုတောင် ဝယ်နိုင်တဲ့ အစွမ်းရှိတဲ့ ဘီလီယံနာ အိမ်ရှေ့မင်းသားဟာ နယူးကာဆယ်ကို ထိပ်သီးအသင်းကြီးအဖြစ် အမြန်ဆုံး ပြောင်းလဲနိုင်စွမ်းရှိသူပါပဲ။
နယူးကာဆယ်အသင်း ပရိသတ်တွေအနေနဲ့ အသင်းပိုင်ရှင်အပြောင်းအလဲမှာ ကစားသမားကောင်းတွေ ခေါ်ယူပေးဖို့ ဆိုရှယ်မီဒီယာပေါ်မှာ အကြီးအကျယ်တောင်းဆိုနေကြပါတယ်။ သူတို့ အလိုချင်ဆုံး ကစားသမားက PSG အသင်းရဲ့ တိုက်စစ်မှူးလေး ဘက်ပီ ပါ။
BREAKING NEWS: Newcastle have shown interest in Paris saint Germain talisman Kylian Mbappé. It is reported that Newcastle are willing to pay £250million for Mbappé's services. pic.twitter.com/kZJplz1ghI
— mogomotsi (@blaqmom0) April 18, 2020
လက်ရှိမှာ PSG အသင်းနဲ့ ဘက်ပီရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ခွဲလောက်သာ ကျန်တော့တာပါ။ ဘက်ပီက စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုနေပြီး အသင်းပြောင်းဖို့ကိုပဲ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်မှာ သတင်းတွေ တောက်လျှောက်တက်နေခဲ့ပါတယ်။ တကယ်လို့သာ PSG အနေနဲ့ ဘက်ပီကို စာချုပ်သစ် မချုပ်နိုင်ဘူးဆိုရင် မကြာခင်မှာပဲ ကျိန်းသေပေါက် ရောင်းရတော့မှာပါ။
ဘက်ပီဟာ အနည်းဆုံး ပေါင်သန်း (၂၀၀)လောက်တန်တဲ့ကစားသမား ဖြစ်တာမို့ အသင်းအနေနဲ့ ပိုက်ဆံတွေ အများကြီး အဆုံးရှုံးခံပြီး ဘက်ပီကို ထိန်းထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
BREAKING NEWS: Newcastle United has made a £245 million bid for PSG star Kylian Mbappe, multiple sources confirm.
"playing for Newcastle United was a childhood dream" the 21 year old stated pic.twitter.com/AsnJu1QB7e
— Football on BT sport (@btsportfootbaIl) April 20, 2020
လက်ရှိမှာ ဘက်ပီကို ခေါ်ယူနိုင်မယ့် နံပတ်(၁)နေရာက အသင်းက ရီးယဲလ်ဖြစ်ပြီး သူတို့ရဲ့ ငွေကြေးအရှိန်အဝါက သန်း(၂၀၀)ကျော်ဆိုတဲ့ ပိုက်ဆံကို လွယ်လွယ်လေး သုံးလိုက်နိုင်တာပါ။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှု၊ အသင်းကစားသမားတွေကို ရောင်းထုတ်နိုင်ဖို့ ခက်ခဲနေမှုတွေကတော့ ရီးယဲလ်ရဲ့ ဘဏ္ဍာရေး ခိုင်မာမှုကို ထိခိုက်နိုင်မလား စောင့်ကြည့်ရဦးမှာပါ။
ရီးယဲလ်ရဲ့ နောက်မှာတော့ ဘက်ပီကို ခေါ်နိုင်မယ့် ဒုတိယမြောက်အသင်းအဖြစ် လီဗာပူးလ်အသင်း ရှိနေပါတယ်။ လီဗာပူးလ်ကတော့ သူတို့မှာ အကောင်းဆုံး စွမ်းဆောင်ရည်ရှိနေတယ်ဆိုတဲ့ ဆွဲဆောင်မှုနဲ့ ဘက်ပီကို ခေါ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စံချိန်တင် အမြတ်ငွေ ရရှိခဲ့တဲ့ လီဗာပူးလ်ဟာ ဘက်ပီကို ခေါ်ယူနိုင်စွမ်းရှိနေပါတယ်။
အခုတော့ ဒီ အသင်း နှစ်သင်းရဲ့နောက်မှာ နယူးကာဆယ်အသင်း ရောက်လာပါပြီ။ ဘက်ပီအတွက် ပေါင်သန်း (၂၀၀)ကျော်ဆိုတဲ့ ပမာဏဟာ အသင်းကို အပြောင်းအလဲလုပ်ချင်တဲ့ ဘင်ဆယ်လ်မန်အတွက်တော့ မပြောပလောက်တဲ့အနေအထားပါ။ ဒါပေမယ့် သူတို့အနေနဲ့ ဘက်ပီ ကို မခေါ်ခင် တခြား ထိပ်တန်းကစားသမားတွေကိုလည်း ခေါ်ဖို့ ကြိုးစားရဦးမှာဖြစ်ပြီး နယူးကာဆယ်ဟာ တကယ်ပဲ ပြောင်းလဲနေပြီလို့ ယုံကြည်လာမှသာ ကစားသမားကောင်းတွေ ရောက်လာမှာပါ။
အသင်းတွေရဲ့ အောင်မြင်မှု၊ ဂုဏ်သိက္ခာ စတာတွေဟာ အရေးကြီးတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ပိုက်ဆံကပဲ ပိုအရေးကြီးတာမို့ ဘက်ပီအနေနဲ့ နယူးကာဆယ်ဆီ ရောက်နိုင်မလားလို့ မေးရင် ရောက်ရင်လည်း ရောက်လာနိုင်တယ်၊ မရောက်ရင်လည်း မရောက်နိုင်ဘူးလို့ပဲ ဖြေရတော့မှာပါ။