မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာတွေထဲက သေဆုံးသူ ၃ ဦးရှိပါပြီ။ မြန်မာနိုင်ငံက COVID-19 တိုက်ဖျက်ရေးမှာ ကူညီဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။ စတဲ့သတင်းတွေအပါအဝင် COVID-19 နဲ့ပတ်သက်ပြီး နောက်ဆုံးရရှိထားတဲ့ အခြေအနေတွေကိုတော့ သတင်းထောက် ဖူးအိအိနွယ်က တင်ဆက်ပေးမှာဖြစ်ပါတယ်။