ဧပြီ ၃
စင်ကာပူနိုင်ငံ တမ်ပင်းအရပ်တွင် အမျိုးသမီးတစ်ဦးက သူ အပြင်ဖက်တွင် လှမ်းထားသော အတွင်းခံ ပျောက်သွားသည်ဟု တိုင်ချက်အရ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲဌာနက ဧပြီ ၂ ရက်တွင် ပြောသည်။
တိုင်ချက်ကို မတ် ၁၅ ရက်က လက်ခံရရှိခြင်းဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုများနှင့် စီစီတီဗီ ပုံရိပ်များအကူအညီဖြင့် ယင်းအမျိုးသားကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ အရပ်မှာ ခုလိုပဲ အမျိုးသမီးအတွင်းခံတွေ ပျောက်တဲ့အမှုမှာ ဒီ အမျိုးသား ပါဝင်နေတယ်လို့ ယူဆရပါတယ်။”ဟု ရဲက ဆိုသည်။
ယင်း အမျိုးသားထံတွင် အမျိုးသမီးအတွင်းခံပေါင်း ၂၅၀၀ ကျော်ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။
၎င်းအား ဧပြီ ၃ ရက်တွင် တရားရုံးတင်မည်ဖြစ်သည်။ အပြစ်ရှိကြောင်း တွေ့ရှိပါက ၎င်းအနေဖြင့် ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည်။