အင်္ဂလန်အသင်းရဲ့ နာမည်ကျော် ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ပေါလ်စခိုး၊ ဂျရတ်နဲ့ လမ်းပတ်တို့ဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက်သာမကပဲ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြတာပါ။
သူတို့က သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းတွေကို ကိုယ်စီ ပြသနိုင်ခဲ့ပြီး သူတို့(၃)ယောက်မှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာ ခန့်မှန်းရ ခက်ခဲ့ကြပါတယ်။
ဒါပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား မာ့ခ်နိုဗယ် ကတော့ ဒီကစားသမား (၃)ယောက်ထဲမှာ ဂျရတ်က အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ သူ့ရဲ့အမြင်ကို မှတ်ချက်ပေးလိုက်ပါတယ်။
Gerrard better than Lampard and Scholes - Noble https://t.co/ASz0qxRYSE pic.twitter.com/dXrztEdE8p
— Govind Jaju (@GovindJaju10) March 26, 2020
“ကျွန်တော် ပြောတာကို ယုံစမ်းပါ…ဒီ သုံးယောက်စလုံးက ထိပ်တန်းကွင်းလယ်ကစားသမားတွေချည်းပဲ။ သူတို့မှာ ကိုယ်ပိုင်အမြင်တွေ ရှိကြတယ်။ ဒါပေမယ့် စတိဗ်ကတော့ လုံးဝကို ပြီးပြည့်စုံတဲ့ ဘောလုံးသမားပါ။” လို့ နိုဗယ်က ဝက်စ်ဟမ်းအသင်းရဲ့ ကိုယ်ပိုင်ဝက်ဆိုက်နဲ့အမေးအဖြေမှာ သူ့ရဲ့ အမြင်ကို ပြောဆိုသွားခဲ့ပါတယ်။
Was he the best of the three?
— Goal News (@GoalNews) March 26, 2020
နိုဗယ် က သူရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ ဂျရတ်အပြင် မန်ယူအသင်းတိုက်စစ်မှူးဟောင်း တီဗက်ဇ်နဲ့ ပြင်သစ်ကွင်းလယ်လူ ပါယက်တို့ကိုလည်း အကောင်းဆုံးတွေအဖြစ် ထည့်သွင်းထားပါတယ်။
အင်္ဂလန်ရဲ့ ကွင်းလယ်(၃)ယောက်နဲ့ ပတ်သက်လို့ ဒီလို မြင်တာက နိုဗယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘရာဇီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကာကာကလည်း ဂျရတ်ဟာ လမ်းပတ််နဲ့ စခိုးလ်တို့ထက် ပိုကောင်းတဲ့ ကစားသမားလို့ ဒီနှစ်အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
Paul scholes has more game winning goals (48) than both gerrard and Lampard combined (35) pic.twitter.com/DpLoT7orhy
— stamanfabrizi (@fabrizi63909927) March 20, 2020
“ကျွန်တော် ဂျရတ်ကို သဘောကျတယ်၊ ဘာလို့လည်းဆိုတော့ သူက တကယ့်ကို စိန်ခေါ်မှုတွေ လုပ်နိုင်ခဲ့တဲ့သူ၊ သူဘာလဲဆိုတာကို (၂၀၀၅)နဲ့ (၂၀၀၇)ခုနှစ်တွေမှာ မြင်ခဲ့ရတယ်။”လို့ ကာကာက ဂျရတ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
ဒီ ငြင်းခုံမှုက ပရိသတ်တွေကြားမှာ အမြဲတမ်း အငြင်းပွားစရာတစ်ခု ဖြစ်နေခဲ့ပြီး ဘယ်သူက အကောင်းဆုံးလဲဆိုတာကတော့ မှတ်ချက်ပေးဖို့ ခက်ခဲနေကြတုန်းပါ….။