နေပြည်တော် ၊ မတ် ၁၁
ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲပေးမှုတွင် ကိုယ်စားလှယ်အရေအတွက်ထက် မဲရလာဒ်လျော့နည်းခဲ့ခြင်းသည် ဂရုစိုက်မှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါက်တာလှမိုးက မဇ္စျိမမီဒီယာကို ပြောသည်။
ဒုတိယအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမနေ့ မဲခွဲမှု ရလာဒ်တွင် NLD က ပြင်ဆင်ရန် တင်သွင်းထားသည့် ပုဒ်မ ၄၀(ဂ)အတွက် ရရှိခဲ့သည့် ထာက်ခံမဲအရေအတွက်သည် လွှတ်တော်ကိုတက်ရောက်ခဲ့သည့် ပါတီဝင် အမတ်အရေအတွက်ထက် မဲ၃ဝကျော် လျော့နည်းခဲ့ခြင်း ဖြစ်သည်။
မတ်လ၁ဝရက်နေ့က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ဦးတက်ရောက်ခဲ့ပြီး ၂၁ဦး ခွင့်တိုင်ခဲ့သည်။ အဆိုပါ အရေအတွက်တွင် NLD က ကိုယ်စားလှယ် ၃၇၈ ဦးတက်ပြီး နှစ်ဦးခွင့်တိုင်ခဲ့သည်။ ပုဒ်မ၄၀(ဂ)ကို မဲခွဲသည့် အခါ ၃၄၃မဲသာ ရခဲ့သဖြင့် ပါတီဝင် အမတ်ဦးရေထက် ၃၅မဲလျော့နည်းသည့် ရလာဒ်ကို ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မဲရလာဒ်ဖြစ်စဉ်အတွက်လည်း NLD အမတ်များ အပေါ် မေးခွန်းထုတ်ဝေဖန်မှုများ ရှိနေသည်။
ရိုက်ကူး/တင်ဆက်- သန်းထိုက်အောင်