ဖေဖော်ဝါရီ ၂၇ ။ ။ ကင်ညာနိုင်ငံမှာ လာမယ့်လကနေစလို့ မြည်းတွေ သတ်ဖြတ်နေမှုကို တားမြစ် ပိတ်ပင်သွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ တရုတ်ဆေးဝါး ဖော်စပ်မှုလုပ်ငန်းရဲ့ စျေးကွက်တောင်းဆိုမှုကြောင့် ယင်းနိုင်ငံမှာ မြည်းတွေကို သတ်ဖြတ်နေခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာ ပိတ်ပင်တားမြစ်ဖို့ အာဏာပိုင်တွေဘက်က စီစဉ်လာပြီ ဖြစ်ပါတယ်။
အဆိုပါ အနောက်အာဖရိကနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်ကစလို့ မြည်းသားနဲ့ မြည်းသားရေ ရောင်းဝယ်မှုကို တရားဝင်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အဓိက အားဖြင့် တရုတ်ဘက်ကနေ ဝယ်လိုအား ကောင်းနေခဲ့တာကို ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီလို မြည်းတွေကို သတ်ဖြတ်ခဲ့မှုကြောင့် ခုချိန်မှာ မြည်းကောင်ရေ ကျဆင်းနေပြီဖြစ်ပြီး တာဝန်ရှိသူတွေဘက်က ဆုံးဖြတ်ချက် အမှားတစ်ခု လုပ်ခဲ့မိကြောင်း ကင်ညာ စိုက်ပျိုးရေးဝန်ကြီး Peter Munya က ပြောသွားပါတယ်။
ယခုမတိုင်မီ ယင်းနိုင်ငံမှာ တစ်နေ့ကို မြည်းကောင်ရေ ၁,၀၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ယင်းအတွက်ကြောင့် နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုလောက်က မြည်းကောင်ရေ ၁ ဒသမ ၈ သန်း ရှိခဲ့ရာကနေ ယခုအခါမှာ ကောင်ရေ ၁ ဒသမ ၂ သန်းလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။