မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရမှုကို အယူခံဝင်ရာမှာ မအောင်မြင်ခဲ့ရင်တောင် ပက် ဂွာဒီယိုလာအနေနဲ့ လာမယ့် ရာသီမှာ အသင်းရဲ့ မန်နေဂျာအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP) ကို ချိုးဖောက်ခဲ့တဲ့အတွက် ယူအီးအက်ဖ်အေက ဥရောပပြိုင်ပွဲကနေ ယှဉ်ပြိုင်ခွင့် (၂)နှစ် ဆိုင်းငံ့လိုက်ပြီးနောက် ဂွာဒီယိုလာက သူဟာ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ (၁၂)လ စာချုပ်သက်တမ်းကို လေးစားလိမ့်မယ်လို့ ဆိုပါတယ်။
စီးတီးဟာ သူ့တို့ရဲ့ အမှုကို နိုင်ငံတကာ အားကစားခုံရုံး (CAS) မှာ အယူခံဝင်သွားမှာဖြစ်ပါတယ်။
စီးတီးအတွက် ဒီချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရမှုဟာ လာမယ့် ရာသီမှာ စတင် သက်ရောက်လာဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဂွာဒီယိုလာဟာ အီတီဟတ်ကနေ ထွက်ခွာသွားလိမ့်မယ့်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဂွာဒီယိုလာက အသင်းကို (၄) ရာသီကြာ ကိုင်တွယ်ပြီးတဲ့နောက် ကလပ်အသင်းအပေါ် သစ္စာရှိမှုကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။
ဒါ့ကြောင့် ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝတစ်လျှောက် ပထမဆုံးအနေနဲ့ ဥရောပရဲ့ အဆင့်မြင့် ကလပ်ပြိုင်ပွဲမှာ အသင်းတစ်သင်းကို ကိုင်တွယ်ခွင့် မရတော့တာလည်းဖြစ်ပါတယ်။
စီးတီးကတော့ ဒီပိတ်ပင်မှုကနေ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အားကစားခုံရုံး (CAS) အနေနဲ့ လာမယ့်ရာသီမတိုင်ခင် ဒီအမှုအတွက် ခေါ်ယူနိုင်ခြင်း မရှိပါက စီးတီးဟာ ယူအီးအက်အေကနေ ဒီအရေးယူဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးမဆို တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref; Mirror