ဖေဖော်ဝါရီလ ၄ ရက်နေ့ဟာ ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်တာနဲ့အညီ ကမ္ဘာတဝှမ်း ကွမ်းယာစားသုံးတာကို တားမြစ်နေကြပါတယ်။ ကွမ်းစားတာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေပေမဲ့ အာရှနိုင်ငံ အတော်များများမှာတော့ ကွမ်းကို နှစ်ခြိုက်စွာ စားသုံးနေကြဆဲပါ။ မြန်မာနိုင်ငံမှာလည်း ကွမ်းစားတဲ့ အလေ့အထ ရှိနေသေးတဲ့ အကြောင်း Dave Grunebaum ပေးပို့တဲ့ သတင်းကို မမြသဇင်အောင် က ပြောပြပေးပါမယ်။