အိန္ဒိယသမ္မတနိုင်ငံတော်နေ့ ကျင်းပ

အိန္ဒိယသမ္မတနိုင်ငံတော်နေ့ ကျင်းပ

ဇန်နဝါရီ ၂၆။          ။ ၇၁ နှစ်မြောက် အိန္ဒိယ သမ္မတနိုင်ငံတော်နေ့အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယနိုင်ငံတွင် ကျင်းပလျက် ရှိသည်။

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင် အသက်ဝင်လာသည့် နေ့ကို ဂုဏ်ပြုပြီး အဆိုပါ အိန္ဒိယ သမ္မတနိုင်ငံနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

ယခုနှစ် ကျင်းပသည့် အိန္ဒိယ သမ္မတနိုင်ငံတော်နေ့တွင် အထူးဧည့်သည်တော်အဖြစ် ဘရာဇီး သမ္မတ ဂျဲရ် ဘိုလ်ဆွန်နာရိုလည်း တက်ရောက်လာခဲ့သည်။

၇၁ နှစ်မြောက် အိန္ဒိယ သမ္မတနိုင်ငံတော်နေ့ အထိမ်းအမှတ်အဖြစ် မြို့တော် နယူးဒေလီတွင် အထူး စီတန်းလှည့်လည်ပွဲ အခမ်းအနားတစ်ရပ်ကိုလည်း ကျင်းပခဲ့သည်။

မိနစ် ၉၀ ကြာမြင့်မည့် စီတန်းလှည့်လည်မှုအတွင်း အိန္ဒိယတို့၏ စစ်အင်အား၊ ယဉ်ကျေးမှုအထိမ်းအမှတ်များ၊ လူမှုနှင့် စီးပွားရေးဆိုင်ရာ တိုးတက်မှုများကို ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly