မြိတ်၊ ဇန်နာဝါရီလ (၂၃)။ ။ တပ်မတော်ကို ဂုဏ်သိက္ခာ ကျဆင်းအောင် ဟောပြောသည်ဟု ဆိုကာ တရားစွဲဆိုခံထားရသည့် စာရေးဆရာမာန် (တောင်လုံးပြန်) ကို ဇန်နာဝါရီလ ၂၃ ရက်နေ့က မြိတ်မြို့နယ် တရားရုံးမှ ဒဏ်ငွေ သုံး သောင်းကျပ်အမိန့်ချမှတ် ခဲ့သည်။
စာရေဆရာမာန် (တောင်လုံးပြန်) မိုးကျော်သူက“ဒီနေ့ ကျွန်တော်ကို မြိတ်မြို့နယ် တရားရုံးက ဒဏ်ငွေ သုံးသောင်း (သို့မဟုတ်) ထောက်ဒဏ် သုံး လ အမိန့်ချခံမလား ပြောပါတယ်၊ ဒါကို ဒဏ်ငွေ သုံးသောင်းကျပ်ကို ဆောင် ခဲ့ပါတယ်”ဟု ပြော သည်။
မြိတ်မြို့၊ ကမ်းနားလမ်းတွင်ကျင်း ပြုလုပ်သော ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲ တွင် စာရေးဆရာမာန် (တောင်လုံးပြန်) သည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးစေသည်ဟု ဆိုကာ တရားစွဲဆို ထားခြင်း ဖြစ်သည်။
“သူက ရုံးချိန်း စစွဲတဲ့ နေ့ကစပြီး ကျွန်မတို့က ၁၉ ချိန်မြောက်မှာ အမိန့်ချ ပါတယ်၊ စွပ်စွဲခံရသူ မိုးကျော်သူက ရုံးချိန် ၁၁ ကြိမးမြောက် တက်ရောက် ခဲ့ပါတယ်”လို့ မြိတ်မြို့နယ် တရားသူကြီး ဒေါ်ကေခိုင်မြင့် ပြော သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကော့သောင်းမြို့နယ် တရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို စကခ ၂၀ မှ ဒုဗိုလ်မှုးကြီး ဇော်ဇော်က တပ်မတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်း စေသည့် ဟောပြောသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ထားပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ကိုလည်း တရားစွဲထားသည်။
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )