ဇန်နဝါရီ ၁၁ ။ ။ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကွက်တာမြို့တွင် ဇန်နဝါရီ ၁၀ ရက်က ဗလီတစ်ခုကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
လူစည်ကားသည့်နေရာတွင်ရှိသည့် ဗလီတစ်ခုတွင် သောကြာနေ့က လူ ၆၀ ခန့် ဝတ်ပြုဆုတောင်းချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝတ်ပြုဆုတောင်းမှု စလျှင်စချင်း စက္ကန့်ပိုင်းအကြာတွင် ရှေ့ဆုံးတန်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကဆိုသည်။
သေဆုံးသူများထဲတွင် ရဲအရာရှိ ၁ ဦးလည်းပါဝင်ကြောင်းသိရသည်။
IS အဖွဲ့က အဆိုပါ တိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ဝန်ခံထားသည်။