မည်သည့် အချက်များက သင့်တွင် အမွှာကိုယ်ဝန်ရနိုင်ချေကို သက်ရောက်မှုရှိသလဲ

မည်သည့် အချက်များက သင့်တွင် အမွှာကိုယ်ဝန်ရနိုင်ချေကို သက်ရောက်မှုရှိသလဲ

ရေးသားသူ Dr. K Zin Thwe

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

    
ယခုအချိန်သည် သင့်မိသားစုမျိုးရိုးရာဇဝင်နှင့် စားသောက်ပုံများကို စဉ်းစားရမည့် အချိန်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချက်များသည် သင့်တွင် အမွှာပူးကိုယ်ဝန်ဆောင်နိုင်ချေရှိမရှိ ခန့်မှန်းနိုင်သော အချက်များ ဖြစ်သောကြောင့် ဖြစ်ပါသည်။

အောက်ပါအချက်များသည် အမျိုးသမီးများအတွက် ကလေးတစ်ယောက်နှင့် အထက်ကို တပြိုင်တည်းကိုယ်ဝန်ဆောင်နိုင်ချေများစေသော အချက်များဖြစ်ပါသည်။
အမျိုးသမီးဘက်မှ မိသားစုရာဇဝင်

မိခင်ဘက်မှ မိသားစုရာဇဝင်တွင် အမွှာပူးမွေးဖွားခြင်းရှိမှာ အကျုံးဝင်မည်ဖြစ်သည်။ သဘောမှာ ဖခင်ဘက်မှ အမွှာပူးမွေးဖွားခြင်းရာဇဝင်နှင့် သက်ဆိုင်မှုမရှိဟု ဆိုလိုခြင်းဖြစ်သည်။

သင်သည် မျိုးဥများကို ထုတ်လုပ်သူဖြစ်သည့်အတွက် သင့်အရင်ကိုယ်ဝန် သို့မဟုတ် သင့်အမေ သို့မဟုတ် သင့်အမ၊ ညီမတွင် အမွှာမွေးဖွားခြင်းများရှိပါက သင့်တွင်လည်း အမွှာကိုယ်ဝန်ရနိုင်ချေပိုများပါသည်။
သင့်စားသောက်ပုံ

အမျိုးသမီးများသည် အများအားဖြင့် အဆီနည်းသော အစားအစာများ (ဥပမာ- အသီးအရွက်များ )ကို စားတတ်ကြပြီး ထိုအမျိုးသမီးများသည် နို့များ၊ အသားများကိုစားသော အမျိုးသမီးများထက် အမွှာကိုယ်ဝန်ရနိုင်ချေ ပိုနည်းကြောင်း တွေ့ရပါသည်။

ထိုသို့ဖြစ်ခြင်းသည် အစားအသောက်များအပေါ်မူတည်ပြီး ဟော်မုန်းပြောင်းလဲမှုများဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ အဆီများသော အစားအစာများကို စားခြင်းဖြင့် ကိုယ်ခန္ဓါ၏ ထုထည်အညွှန်းကိန်းကို မြင့်တက်လာ စေပါ သည်။ (ထုထည်အညွှန်းကိန်း ဆိုသည်မှာ သင့်ကိုယ်အလေချိန်သည် သင့်အရပ်နှင့် အချိုူချပြီး ရသော အဖြေသည် ကျန်းမာသော ထုထည်ရှိမရှိ တိုင်းတာသော အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။)
သင့်တွင်ရှိသော သားသမီးအရေအတွက်

သင့်တွင် သားသမီးများများရှိလေလေ သင်သည် အမွှာကိုယ်ဝန်ရနိုင်ချေများလေလေဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုရသော် သင်သည် ကံကောင်းခြင်းများရရှိလာနိုင်မည့် အခွင့်အရေးများစွာရှိခြင်းဖြစ်သည်။ ထို့ပြင် သည်ယခင်ကိုယ်ဝန်များကို အခက်အခဲမရှိ လွယ်လွယ်နှင့် ကိုယ်ဝန်ဆောင်ခဲ့လျှင် သင့် မျိုးဥအိမ်သည် ကျန်းမာပြီး ခွန်အားပြည့်သော မျိုးဥအိမ်ဖြစ်ကြောင်းသိနိုင်ပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အသက်အရွယ်

အရေးအကြီးဆုံးတချက်မှာ သင်သည် သားအိမ်ပြင်မှတွင် မျိုးအောင်စေခြင်းကဲ့သို့ ကုသမှုများခံယူနေလျှင် သင့်တွင် ကလေးတစ်ယောက်နှင့် အထက် ကိုယ်ဝန်ဆောင်နိုင်ချေပိုများကြောင်း သိထားသင့်ပါသည်။ ထိုသို့သော ကုထုံးများတွင် သောက်ရသော ဆေးများသည် မျိုးဥအိမ်မှ မျိုးဥများထွက်လာအောင် လှုံ့ဆော်ပေးခြင်းကြောင့်ဖြစ်ပါသည်။ သို့သော် သားအိမ်ထဲသို့ဆေးထိုးအပ်ပြွန်ဖြင့် သုတ်ကောင်များကို ထည့်ပေးခြင်းနည်းဖြင့် ကိုယ်ဝန် ဆောင်ခြင်းသည် အမွှာကိုယ်ဝန်ရနိုင်ချေကို မမြင့်တက်စေပါ။
လူမျိုး

အမွှာကိုယ်ဝန်ဆောင်ခြင်းသည် လူဖြူများနှင့် အာဖရိက- အမေရိကမျိုးနွယ်များတွင် ပိုများပြီး အာရှတိုက်သားများနှင့် အမေရိကတိုက်ရှိ စပိန်အနွယ်ဝင်များတွင် ပိုနည်းကြောင်းတွေ့ရသည်။

အချုပ်ဆိုရသော် အမွှာကိုယ်ဝန်ဆောင်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်နိုင်သော ဆိုးကျိုးများကို ပိုဆိုးစေသည်ဟုအများကထင်နေသည့် အယူအဆအမှားများနှင့်ပတ်သက်ပြီး စိုးရိမ်စိတ်များ မဖြစ်ပါနှင့်။ အမွှာကိုယ် ဝန်လွယ်ထားသော မိခင်အများစုသည် ကျန်းမာသောကလေးများကိုမွေးဖွားကြသည် ဖြစ်ပါသည်။ သို့သော် အမွှာမိခင်များတွင် လမစေ့မီစောမွေးခြင်း အဖြစ်များပါသည်။ ထို့ကြောင့် အမွှာကိုယ်ဝန်လွယ်ထားသော မိခင် များသည် ကလေးတယောက်တည်းလွယ်ထားရသော မိခင်များထက် ရက်ချိန်းမှန်မှန်ပြရန် ပိုလိုအပ်ပါသည်။ သင့်ကလေးကိုအတတ်နိုင်ဆုံး စိတ်ချရစေရန် အချိန်တခုစီစဉ်ပြီး ခွဲမွေးခြင်း၊ သားအိမ်ညှစ်ဆေးများဖြင့် အစီ စဉ်တကျမွေးဖွားခြင်းများ ပြုလုပ်ရန် သားဖွားမီးယပ်ဆရာဝန်များက အကြံပေးပါလိမ့်မည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly