ပေကျင်း၊ နိုဝင်ဘာ ၂၈။ ။ ဟောင်ကောင်က ဒီမိုကရေစီ ဆန္ဒပြသူများကို ကျောထောက်နောက်ခံပေးသည့် ဥပဒေကြမ်းအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုး အတည်ပြုလိုက်ခြင်းအပေါ် လက်တုံ့ပြန် သွားမည်ဟု တရုတ်နိုင်ငံက နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။
ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို သမ္မတ ထရမ့်က နိုဝင်ဘာ ၂၇ ရက်၌ လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ရေးအတွက် ကနဦး သဘောတူညီချက် ရရှိရန် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိနေသည့် အချိန်ကာလအတွင်း တရုတ်အတွက် အမျက်ဒေါသထွကစေမည့် ယင်းဥပဒေကြမ်းကို ထရမ့်က အတည်ပြုလိုက်ခြင်းပဲ ဖြစ်သည်။
နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ကျန်ရှောင်းက အမေရိကန်၏ ထိုသို့သော လုပ်ရပ်သည် တရုတ်၏ ပြည်တွင်းရေးကို အလွန်စွက်ဖက်လိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် လက်တုံ့ပြန်သွားမည်မှာ မလွဲဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ထိုပြင် တရုတ်နိုင်ငံ ရှင့်ကျန်းဒေသ၌ ဝီဂါမွတ်စလင်လူနည်းစုများအား ပညာပေးစခန်းများဆိုကာ ထိန်းသိမ်းပိတ်လှောင်ထားသည်ဆိုသော ပြင်သစ်နိုင်ငံ၏ စွပ်စွဲချက်ကိုလည်း တရုတ်နိုင်ငံက ပယ်ချခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/