လုပ်ခလစာသက်သာမှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းကုမ္ပဏီများ ပိုများလာ
********************
ဒေသတွင်းနိုင်ငံများထက် လုပ်ခလစာသက်သာမှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းကုမ္ပဏီများ ပိုမိုများပြားလာသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
“ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ခလစာကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံဘက်ကို ရွှေ့မယ်ဆိုပြီးတော့ လာဆွေးနွေးနေကြတာတွေရှိပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း ဝင်လာတာတွေလဲ ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာဆိုရင်Amata ဝင်လာပြီဖြစ်ပါတယ်။ သူရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏက ကြီးပါ တယ်။ ”ဟု၎င်းကဆိုသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62594
ရိုက်ကူး/တည်းဖြတ် - စိုးချစ်ချစ်ပိုင်