နိုဝင်ဘာ ၇ ။ ။ ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ ၇ ရက်က ကူးတို့ရေယာဉ်တစ်စင်း ပင်လယ်ပြင် လှိုင်းကြမ်းမိပြီး တိမ်းမှောက်နစ်မြုပ်သွားခဲ့ပြီးေနာက် လူ ၅၉ ဦးကို ကယ်ဆယ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။
သို့သော် လက်ရှိအချိန်တွင် အဆိုပါ ရေယာဉ်တွင် လူမည်မျှ လိုက်ပါလာခဲ့သလဲ ဆိုသည်ကို အတည်ပြုနိုင်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
စီဘူးကျွန်း အလယ်ပိုင်း ပြင်ပ ပင်လယ်ပြင်တွင် ဖြစ်ပွားသော ယင်း ရေယာဉ် နစ်မြုပ်မှုတွင် လူ ၅၉ ဦးကို ကယ်ဆယ်ရေးသမားများ ကယ်ဆယ်ခဲ့ရသည်။ အခြား လူသုံးဦးလည်း အနီးအနား ကမ်းခြေတစ်ခုဆီ ကူးခတ်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
“ ခုချိန်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲပါ၊ ရေယာဉ်ပေါ်မှာ လူဘယ်လောက် လိုက်လာသလဲ မသိရသေးတဲ့အတွက် အားလုံး ဘေးကင်းစေဖို့ ဆက်လုပ်နေဆဲပါ” ဆိုပြီး ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ် မိုက်ကယ် အန်ဆီနာက အေအက်ဖ်ပီသို့ ပြောသွားခဲ့သည်။
ဖိလစ်ပိုင်တွင် ပြည်သူသန်းနှင့်ချီတို့သည် ကျွန်းများအကြား သွားလာရာတွင် ကုန်ကျစရိတ် သက်သာပြီး အန္တရာယ်များသည့် ဖယ်ရီရေယာဉ်များကို အားကိုးနေကြလျက် ရှိပြီး ယခုကဲ့သို့ ရေယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/