ကလေးဘဝကတည်းက အနုပညာဒီဇိုင်းတွေဖန်တီးရတာကို သဘောကျတဲ့ Hugo Kohl ဟာ ကောလိပ်ကျောင်းမှာ စာရင်းအင်းပညာကိုသင်ယူခဲ့သလို ရှေးဟောင်း အနုပညာလက်ရာတွေရဲ့ နောက်ခံသမိုင်းကြောင်းကို စူးစမ်းပြီး လက်ဝတ်ရတနာဖန်တီးတဲ့ သင်တန်းပေါင်းစုံကို လည်းတက်ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်မှာတော့ သူ့စိတ်ဝင်စားတဲ့အကြောင်းအရာကို အသက်မွေးဝမ်းကြောင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီလိုလုပ်ကိုင်လာရင်းခုတတော့ သူ့ကိုယ်ပိုင် ရှေးဟောင်းပုံ လက်ဝတ်ရတနာ ဒီဇိုင်းတွေကို ၁၈ ရာစုနှောင်းပိုင်းက ရှေးနည်းလမ်း တွေအတိုင်း ဖန်တီးလာပါတယ်။ဒီအကြောင်း Faiza Elmasry ရဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။