နိုဝင်ဘာ ၃။ ။ ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ယင်းရဲ့ ဆက်စပ်အစည်းအဝေးများရဲ့ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါတယ်။
အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုတော့ ထိုင်း ဝန်ကြီးချုပ် ပရာယုတ် ချန်အိုချာက တရားဝင် ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
ဒါဟာ အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံံကြတာဖြစ်ပါတယ်။
ယခု ထိပ်သီးအစည်းအဝေးမှာတော့ ကမ္ဘာ့ အကြီးဆုံးသော ကုန်သွယ်ရေး စာချုပ်တစ်ခုဖြစ်တဲ့ RCEP နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေမှာ အောင်မြင်မှုရဖို့ ခေါင်းဆောင်တွေအနေနဲ့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်-တရုတ်အကြား အခွန်အကောက် စစ်ပွဲတစ်ခု စတင်ဖြစ်ပေါ်နေခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့စီးပွားရေးမှာ ထိုင်းမှိုင်းနှေးကွေးမှု ဖြစ်ပေါ်နေတာကနေ ကူညီ ရှေုာင်လွဲနိုင်ဖို့အတွက် အဆိုပါ RCEP စာချုပ် အောင်မြင်မှုရဖို့ အဖွဲ့ဝင်နိုင်ငံတွေက ဆန္ဒရှိနေပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/