(Advertorial)
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၀)ရက် (တနင်္ဂနွေနေ့)။ ။ Shwe Taung Group၊ Shwe Taung Highway Co., Ltd ၏ စစ်ကိုင်း-မုံရွာလမ်းပိုင်း လေးလမ်းသွား ကတ္တရာကွန်ကရစ် (မုံရွာခရိုင်) လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်း - မုံရွာ တိုးဂိတ်အနီး လေးလမ်းသွားလမ်းမကြီး၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၀)ရက် (တနင်္ဂနွေနေ့)က ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမျိုးမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်/စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန့်ညွန့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ Shwe Taung Group မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Shwe Taung Group ၏ Group CEO ဦးအောင်ဇော်နိုင်မှ စစ်ကိုင်း-မုံရွာလမ်းပိုင်း လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှု လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
စစ်ကိုင်း-မုံရွာလမ်းပိုင်းသည် Shwe Taung Highway Co., Ltd မှ လွှဲပြောင်းယူစဉ်က (၁၈)ပေ လမ်းအကျယ်သာရှိပြီး၊ စစ်ကိုင်းမှ မုံရွာသို့ ရောက်ရှိရန် အချိန် (၃)နာရီကျော် ကြာမြင့်သည်အထိ ကားမောင်းနှင်ရပါသည်။ Shwe Taung Highway Co., Ltd မှ ဘီအိုတီစနစ်ဖြင့် လွှဲပြောင်းရယူပြီးနောက် (၂)နှစ်အတွင်း (၂၄)ပေအကျယ် လမ်းချဲ့ခြင်း ဆောင်ရွက်ပြီးစီးခဲ့ပြီးနောက်၊ ယခုအခါ တိုးတက်လာသော နှစ်စဉ်ပျမ်းမျှ၊ နေ့စဉ်ယာဉ် အသွားအလာအရေအတွက်အရ (၄၈)ပေအထိ လမ်းအကျယ် ထပ်မံတိုးချဲ့ခြင်းကို ဆောင်ရွက်ပြီးဖြစ်ပါသည်။ အဆိုပါလမ်းတစ်လျှောက်ရှိ တံတားကြီး/ငယ်အရေအတွက် စုစုပေါင်း (၁၄၄)စင်းကိုလည်း လေးလမ်းသွားလမ်းဖြစ်အောင် ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသည်။
စစ်ကိုင်း-မုံရွာလမ်းပိုင်းသည် လမ်းအရှည် စုစုပေါင်း (၇၄)မိုင် (၇)ဖာလုံ ရှိပြီး စစ်ကိုင်းခရိုင်အတွင်းရှိ (၁၁)မိုင် (၁)ဖာလုံနှင့် မုံရွာခရိုင်အတွင်းရှိ (၂၄)မိုင် (၇)ဖာလုံ၊ စုစုပေါင်း (၃၆)မိုင် (၂)ဖာလုံအား လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကားမောင်းချိန် (၂)နာရီခန့်သာ ကြာမြင့်ပြီး၊ ဆက်သွယ်သွားလာရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာပြီဖြစ်ပါသည်။
Shwe Taung Group သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခြေခံလိုအပ်ချက်အဆောက်အအုံများဖြစ်သည့် ကားလမ်း၊ မီးရထားလမ်း၊ ဂုံးကျော်တံတားများ၊ အိမ်ရာအဆောက်အဦးများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ခြင်းဖြင့် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှပါဝင်၍ စဉ်ဆက်မပြတ် ပံ့ပိုးကူညီလျက်ရှိပါသည်။