လူတို့ အတွက် လမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်
**********************
လူတို့ အတွက် လမ်းများ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့နေ ပြည်သူများ ရွေလျားသွားလာမှုဆိုင်ရာ လမ်းအသုံးပြုမှု ပုံစံ တိုးတက်စေရန် ရည်ရွယ်ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၁၉ ရက်နေ့ ၊ နေလည် ၃ နာရီ မှ ၅ နာရီအထိ ရန်ကုန်မြို့ ၊ ရွှေဘုံသာလမ်း ၊ နောက်ဖေးလမ်းဥယျာဉ် ( အပေါ်ဘလောက်)မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲကို ဒို့အိမ်အဖွဲ့က ဦးစီးပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ၊ Bicycle Network Myanmar မှ ကိုစိုးပိုင် ၊ စက်ဘီးစီးသူ နှင့် ဗိသုကာတစ်ဦးဖြစ်သူ ကိုစိုးမိုးအောင် ၊ မြို့ပြဒီဇိုင်နာ မဇင်တာရာဝင်း ၊ Yongon Door to Door မှ ကိုအောင်ဖြိုးဝေ နှင့် Bikes In Yangon မှ ကိုဇွဲပြည့် တို့က ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ရိုက်ကူး- နန့်ခိုင်
တင်ဆက် - ဆက်ဝေယံနိုင်