အောက်တိုဘာ ၁၈။ ။ယခုနှစ် တတိယသုံးလပတ်ကာလမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကတော့ ဆယ်စုနှစ် သုံးခုနီးပါးကာလအတွင်း အနှေးကွေးဆုံး နှုန်းထားတစ်ခုနဲ့ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ ဝယ်လိုအား နှေးကွေးမှု၊ အမေရိကန်နဲ့အကြား ကုန်သွယ်ရေးစစ်တစ်ခု ရင်ဆိုင်နေရမှုတို့ကြောင့် တရုတ်တို့အနေနဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေခဲ့ရတာဖြစ်ပါတယ်။
ယင်း စီးပွားရေး တိုးတက်မှု ကျဆင်းမှု ကိန်းဂဏာန်းတွေကိုတော့ အောက်တိုဘာ ၁၈ ရက်မှာ တရုတ် တာဝန်ရှိသူတွေ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
အလားတူ စီးပွားရေး တိုးတက်မှု ထပ်မံကျဆင်းနိုင်မယ့် ဖိအားတွေလည်း တိုးပွားလာနေလျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးက သတိပေးသွားပါတယ်။
တရုတ်ရဲ့ ဂျီဒီပီ ဟာ ပြီးခဲ့တဲ့ ဇူလိုင် နဲ့ စက်တင်ဘာ ကြားကာလမှာ ၆ ဒသမ ၀ ရာခိုင်နှုန်းနဲ့ တိုးတက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒုတိယ သုံးလပတ်က တိုးတက်မှုနှုန်းဖြစ်တဲ့ ၆ ဒသမ ၂ ရာခိုင်နှုန်းကနေ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီ ကိန်းဂဏန်းကတော့ တရုတ်တို့အတွက် လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးလယ်ဗယ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/