ကဘူးလ်၊ အောက်တိုဘာ ၃ ။ ။ အမေရိကန်နဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ လိုအပ်တယ်လို့ ပါကစ္စတန်အစိုးရနဲ့ အာဖဂန်တာလီဘန်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
ဒိုဟာမှာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလမှာ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ကနေ နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စောစောစီးစီး ပြန်စနိုင်ဖို့ လိုအပ်တယ်ဆိုတာကို နှစ်ဖက်စလုံးက သဘောတူပြီးဖြစ်တယ်။”လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အစ္စလာမ္မာဘတ်မှာ အာဖဂန်တာလီဘန်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ရှိတ်မာမွတ်တို့ တွေ့ဆုံအပြီးမှာ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်ကို ရောက်ရှိနေတဲ့ တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ ဝန်ကြီးချုပ် အမ်မရန်ခန်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
စက်တင်ဘာလအတွင်းက အမေရိကန်နဲ့ တာလီဘန်တွေရဲ့ စေ့စပ်ညှိနှိုင်းမှုမှာ အာဖဂန်နစ္စတန်နိုင်ငံကနေ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းရေးကို အာမခံတဲ့ သဘောတူညီမှု မူကြမ်းအထိ ရရှိခဲ့ပါတယ်။
ဒါပေမယ့် တာလီဘန်တွေရဲ့ ကဘူးလ်မှာ တိုက်ခိုက်မှု ကျုးလွန်ရာမှာ အမေရိကန်စစ်သားတစ်ဦးအပါအဝင် လူပေါင်း ၁၁ ဦး သေဆုံးအပြီးမှာ သမ္မတ ထရမ့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/