ရန်ကုန် ၊ အောက်တိုဘာ ၂ ။ ။ ရန်ကုန် - နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လမ်းအနေအထားအရ အရှိန်လျှော့ မောင်းနှင်သင့်သည့် နေရာများကို မြန်မာနိုင်ငံ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
မိုင်တိုင် ၁၅/၅၈/၅၉/၆၉/၇၁/၈၂/၈၅/၁၁၃/၁၄၆/၁၄၉/၁၇၂/၁၇၄/၂၃၃/၃၂၅ တို့တွင် လမ်းအနေအထားအရ အရှိန်လျှော့ မောင်းသင့်ပြီး ယင်းနေရာအနီးတစ်ဝိုက်တွင် သတ်မှတ်အရှိန်နှုန်း တိုင်းတာစက်များ ထားရှိကာ မှတ်တမ်းယူထားသည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။
သတ်မှတ်အရှိန်နှုန်းတိုင်းတာစက်ထားရှိပြီး မှတ်တမ်းယူစစ်ဆေးရခြင်းမှာ မကြာခဏယာဉ်မတော်တဆ ဖြစ်ပွားလေ့ရှိသော နေရာများနှင့် လမ်းအနေအထားအရ အရှိန်လျှော့၍ သတိထားမောင်းနှင်ရမည့် နေရာများတွင် ယာဉ်မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန်အတွက် ထားရှိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ယင်းအပြင် မိုင်တိုင် ၁၆/၅၃/၇၉/၈၅/၁၄၂/၁၄၇/၁၅၃/၁၇၀/၃၁၄/၁၉ ၅/၂၁၈/၂၄၃/ ၃၂၂/၃၂၇/၃၄၁/၃၅၂ အနီးတဝိုက် တို့တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟုလည်း အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်- နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/