တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေဖြင့် လက်ရှိတာဝန်ပြီးဆုံးပါက နိုင်ငံ့တာဝန် နေရာ တခုခုကို ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
ဒါနဲ့ပတ်သက်ပြီးတော့ ဒီတနေရာမဟုတ် တနေရာတော့ နိုင်ငံ့တာဝန်တွေကို သူစွမ်းဆောင်နိုင်သမျှ စွမ်းဆောင်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ဒီ အပေါ်မှာလည်း သူ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆက်ပြီးဘယ်လိုဖြစ်လာမလဲ ကျွန်တော်တို့ စောင့်ကြည့်ပါ”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး / တည်းဖြတ် - အောင်မြတ်သူ