ရီယက်၊ စက်တင်ဘာ ၁၄ ။ ။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ နိုင်ငံပိုင် အရမ်ကိုကုမ္ပဏီက လည်ပတ်နေတဲ့ ရေနံစက်ရုံကြီးနှစ်ရုံဟာ မောင်းသူမဲ့ဒရုန်းယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်ခံရတာကြောင့် မီးလောင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဗီဒီယိုမြင်ကွင်းတစ်ရပ်မှာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ Abqaid စက်ရုံဝင်းကြီးဆီကနေ မီးခိုးလုံးကြီးတွေနဲ့ မီးတောက်တွေ လွင့်တက်နေတာကို မြင်တွေ့ရပါတယ်။
အနောက်ပိုင်းက Khurais ရေနံလုပ်ကွက်ဟာ ဒုတိယမြောက် ဒရုန်းတိုက်ခိုက်ခံရလို့ မီးလောင်တာဖြစ်ပြီး အဆိုပါ စက်ရုံနှစ်ခုစလုံးက မီးကို ထိန်းချုပ်ထားနိုင်ပြီလို့ နိုင်ငံပိုင် Saudi Press Agency သတင်းက ဖော်ပြပါတယ်။
Saudi Press Agency သတင်းဌာနအနေနဲ့ ယခင်က တိုက်ခိုက်မှုတွေဆိုရင် အီရန်ထောက်ပံ့တဲ့ ဟူသီတိုက်ခိုက်ရေးသမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဖော်ပြလေ့ရှိပေမယ့် အခု တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။
“နံနက် လေးနာရီလောက်မှာ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခံရတာဖြစ်တယ်။ အဲဒီမှာ စက်ရုံတွေ မီးလောင်တာကို စက်မှုလုံခြုံရေးအဖွဲ့တွေက စတင်ငြိှမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။”လို့ က ဆော်ဒီနိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။
“စက်ရုံနှစ်ရုံစလုံးက လောင်တဲ့မီးကို ထိန်းချုပ်ထားနိုင်ပါပြီ။”လို့ အဆိုပါ သတင်းက ဆက်လက်ဖော်ပြပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/