စက်တင်ဘာ ၁၂ ။ ။ ဟာရီကိန်း မုန်တိုင်း ဒိုရီယန် ဝင်ရောက်တိုက်ခတ်သွားပြီးနောက် ဘဟားမားစ်ကျွန်းနိုင်ငံမှာ လူပေါင်း ၂,၅၀၀ လောက် ပျောက်ဆုံးနေလျက် ရှိကြောင်း ယင်းကျွန်းက အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။
“ ခုလောလောဆယ်မှာတော့ အကြမ်းဖျင်းအားဖြင့် ပျောက်ဆုံးနေသူ ဦးရေ ၂,၅၀၀ အထိ ရှိနေပါတယ်” လို့ စမစ်က ပြောပါတယ်။
ယင်းအပြင် ခိုလှုံရေးစခန်းတွေမှာ ရောက်နေသူတွေ ဒါမှမဟုတ် ဘေးလွတ်ရာ ရွှေ့ပြောင်းနေသူတွေနဲ့ပတ်သက်လို့ အစိုးရရဲ့ မှတ်တမ်းတွေနဲ့ ယခု စာရင်းကို ချိန်ကိုက်စစ်ဆေးရသေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဟာရီကိန်း ဒိုရီယန်ကြောင့် ဘဟားမားစ်မှာ လူပေါင်း ၇၆,၀၀၀ ထိခိုက်ခံစားခဲ့ရကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်း အဖွဲ့ IOM က ထုတ်ပြန်ပါတယ်။
ပြင်းအား အဆင့် ၅ နဲ့ ဝင်တိုက်ခဲ့တဲ့ ဒိုရီယန် မုန်တိုင်းကြောင့် ဘဟားမားစ်မှာ လူပေါင်း ၅၀ ထက်မနည်း သေဆုံးထားခဲ့ရပါတယ်။
မုန်တိုင်း ဝင်ပြီးမှာ လူပေါင်း ထောင်သောင်းနဲ့ချီ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/