လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်ဟာ ဘောလုံးလောကမှာ တစ်ဦးချင်းထူးချွန်ဆုတွေကို သိမ်းပိုက်ရယူနေကျဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။
ဒတ်ချ်ကစားသမား ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက မက်ဒရစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို အနိုင်ရယူခဲ့ပြီး လီဗာပူးလ်အသင်းနဲ့အတူ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တဲ့အပြင် အမြင့်ဆုံးစွမ်းဆောင်မှုတွေနဲ့ တောင်ပခဲ့သူလည်းဖြစ်ပါတယ်။
သတင်းအပြည်အစုံ - http://www.mizzimaburmese.com/article/60118