သြဂုတ် ၂၀ ။ ။ စပိန်နိုင်ငံက ကနေရီကျွန်းစုအနက် ကျွန်းတစ်ခုဖြစ်တဲ့ ဂရင်း ကနေရီယာကျွန်းမှာ တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းနေလျက် ရှိပြီး ထိန်းချုပ်ဖို့ ခက်ခဲနေလျက် ရှိတယ်လို့ သိရပါတယ်။
တောမီးလောင်ကျွမ်းနေမှုကြောင့် လူ အမြောက်အမြားကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
ကြီးမားလှတဲ့ သဘာဝဘေးဒုက္ခဆိုးတစ်ခုအဖြစ် ပြောဆိုနေကြတဲ့ ယင်း တောမီးလောင်ကျွမ်းမှုမှာတော့ မီးတောက်တွေဟာ ကြီးလွန်းနေပြီး မီးသတ်လေယာဉ်တွေတောင် မသွားနိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ယခု လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အနီးအနားက ရွာအများအပြားက ဒေသခံ ပြည်သူ ၉,၀၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေး ဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။
တောမီးလောင်ကျွမ်းမှုကိုတော့ မီးသတ်သမား ထောင်ချီ ၀ိုင်းဝန်း ငြိမ်းသတ်နေလျက် ရှိကြောင်း သိရပါတယ်။
ယခုအချိန်မှာတော့ လူအသေအပျောက် မရှိသလို နိုင်ငံခြားသားများအကြား ရေပန်းစားတဲ့ ဂရင်း ကနေရီယာကျွန်းရဲ့ ခရီးသွားလုပ်ငန်းအပေါ်မှာလည်း ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။