သြဂုတ် ၁၈ ။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဟောင်ကောင်ဆန္ဒပြမှုတွေအပေါ် ထောက်ခံတဲ့ ဆန္ဒပြသူတွေ သြဂုတ်လ ၁၇ ရက်က အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာ စုဝေးဆန္ဒပြခဲ့ကြစဉ် တစ်ဘက်မှာလည်း ပေကျင်းအစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေကလည်း အပြိုင်ဆန္ဒပြခဲ့ကြပါတယ်။
ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ နယူးယော့ခ်မြို့ ကွန်ဖြူးရှပ် ပလာဇာရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ယင်းရဲ့ လမ်းတစ်ဘက်ခြမ်းမှာတော့ ပေကျင်းအစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေကလည်း အပြိုင် ဆန္ဒပြနေခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဟောင်ကောင် ဆန္ဒပြမှုတွေဟာ အုပ်စုကွဲမှုတွေ ရှိနေပြီး ယမန်နေ့က ဟောင်ကောင်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ နဲ့ တရုတ်အစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ အပြိုင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လန်ဒန်မှာလည်း ယမန်နေ့ သြဂုတ် ၁၇ ရက်က ဟောင်ကောင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပေကျင်းအစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ အပြိုင်ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။