နေမာမရှိရင် လီဂူ-၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းအနေနဲ့ အရင်လိုမရှိနိုင်ဘူးလို့ အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ဝန်ခံပြောဆိုခဲ့ပါတယ်။
နေမာဟာ ကလပ်ဟောင်း ဘာစီလိုနာနဲ့ လာလီဂါအသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်းတို့နဲ့ ချိတ်ဆက်နေပြီး သူဟာ ပီအက်စ်ဂျီက နီးစ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ လိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ မပါဝင်ခဲ့ပါဘူး။
နေမာဟာ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပီအက်စ်ဂျီ ပရိသတ်များရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရတဲ့ပင် ပီအက်စ်ဂျီအသင်းကလည်း အသင်းအရောင်းဆိုင်မှာ နေမာအမည်ပါရှိတဲ့ အင်္ကျီတွေကို ရောင်းချင်ခြင်း မပြုတော့ဖို့ ပြင်ဆင်နေပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက ၂၀၁၇ ခုနှစ်က ဘာကကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ပြောင်းရွှေ့လာတဲ့ နေမဟာ အသင်းကနေ ထွက်ခွာသွားဖို့ နီးစပ်နိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
နေမာမရှိတော့ရင် ပီအက်စ်ဂျီအသင်းက ယခုရာသီမှာ တိုးတက်လာနိုင်သလားလို့ ဘာပေကို မေးမြန်းရာမှာ "နေမာရဲ့ အနာဂတ်ပေါ်မူတည်ပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားသွားရမှာပါ။"လို့ Canal+ ကို ပြောကြားခဲ့ပါတယ်။
"နေမာနဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။ သူမရှိတော့ရင် အသင်းက အရင်လိုပုံစံ ရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ ပရိသတ်တွေအတွက် ကြိုးစားသွားမှာပါ။"
နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ခြေထောက်ဒဏ်ရာအကြီးကျယ်ရရှိခဲ့ပေမယ့်လည်း လိဂ်ပွဲ (၃၇)ပွဲမှာ (၃၄)ဂိုးအထိ သွင်းယူထားခဲ့သူဖြစ်ပါတယ်။
Ref; BeIN Sports