မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် နေရပ်စွန့်ခွာရသူ လူရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှသိရသည်။
သြဂုတ် ၁၁ ရက်နေ့အထိစာရင်းများအရ ပဲခူးတိုင်းရှိ မိုးညို၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ပဲခူးမြို့ တို့တွင် အိမ်ထောင်စု ၄၁၀၀ ကျော် နှင့် လူဦးရေ ၂၀၃၀၀ ကျော်၊ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်မရော၊ သထုံ၊ သံဖြူဇရပ်၊ ရေး၊ မော်လမြိုင်၊ ပေါင်မြို့တို့တွင် အိမ် ထောင်စု ၆၂၀၀ ကျော်နှင့် လူဦးရေ ၂၆၁၀၀ ကျော်တို့ဖြင့်အများဆုံးဖြစ်သည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59558
တည်းဖြတ် - စိုးသူအောင်