တိုင်းပြည်ညီညွတ်ရေးကို အဓိကထား တည်ဆောက်ရမယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းက ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ အာဇာနည်ခေါင်းဆောင် ဦးဘဝင်း၏ သားဖြစ်သူ ဒေါက်တာစိန်ဝင်းဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာ ပြောဆိုခဲ့တာပါ။
နှစ်ပေါင်းများစွာ မြန်မာပြည်ပြင်ပ အမေရိကန်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ ဒေါက်တာစိန်ဝင်းဟာ သူ့ရဲ့အတွေ့အကြုံတွေကို မြန်မာပြည်တည်ဆောက်ရေးမှာ ပြန်လည်အသုံးချဖို့ မျှော်လင့်နေပါတယ်။
ဒေါက်တာစိန်ဝင်းနဲ့ မဇ္စျိမသတင်းဌာန သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးအပြည့်အစုံကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်