ပေကျင်း၊ သြဂုတ် ၁၀ ။ ။ အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုတွေကြားမှာ Android systems အသုံးပြုခွင့် ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးဟာ ကိုယ်ပိုင် operating system ကို သောကြာနေ့မှာ စတင်ထုတ်ပြလာပါတယ်။
အခု စနစ်သစ်ကို HarmonyOS ဒါမှမဟုတ် တရုတ်လို HongMeng စနစ်လို့ ခေါ်တွင်ထားပြီး ကမ္ဘာကြီးနဲ့ ချိတ်ဆက်မှုကို ပိုမိုလွယ်ကူအဆင်ပြေစေမယ်လို့ ဟွာဝေးရဲ့ သုံးစွဲသူလုပ်ငန်းဌာန အကြီးအကဲ ရစ််ချတ်ယုက တောင်ပိုင်းဒေါင်ဂျန်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဟွာဝေးကုမ္ပဏီဆီ အမေရိကန်ကုမ္ပဏီတွေက နည်းပညာထုတ်ကုန်တွေ မရောင်းချဖို့ အိမ်ဖြူတော်က ပိတ်ပင်ထားလိုက်ပြီ ဖြစ််တာကြောင့် Google ရဲ့ Android operating system ကနေ ဟွာဝေးက ဖယ်ရှားခံရဖို့ ရှိနေပါတယ်။
ဒီအတွက် အခု ထုတ်လုပ်လိုက်တဲ့ ကိုယ်ပိုင် operating system ဟာ ဟွာဝေးနည်းပညာအုပ်စု ရှင်သန်ရေးအတွက် အသက်တမျှ အရေးကြီးတာလည်း ဖြစ််ပါတယ်။
ဒီ စနစ်သစ်ဟာ အနာဂတ် အရှေ့တိုင်း OS ဖြစ်ပြီး အဆင်ပြေလွယ်ကူစွာနဲ့ လုံခြုံမှုလည်း ရှိမှာဖြစ်တယ်လို့ ရစ်ချက်ယုက ပြောပါတယ်။ ဒါအပြင်် ဟွာဝေးရဲ့ HarmonyOS စနစ်သစ််ဟာ Android နဲ့ iOS တို့နဲ့လည်း လုံးလုံးကွဲပြားခြားနားကြောင်း ၎င်းက ထပ်လောင်း ပြောပါတယ်။
ဟွာဝေးက အခု operating system ရဲ့ ပထမဗားရှင်းကို အခု နှစ်ကုန်မှာ စမတ်စက္ကရင် ထုတ်ကုန််တွေမှာ အသုံးပြုစေတော့မှာ ဖြစ်ပြီး လာမယ့် သုံးနှစ်တာမှာ ဝတ်ဆင်နိုင်တဲ့ နည်းပညာတွေ အပါအဝင် စမတ်နည်းပညာ ကိရိယာတွေကို တိုးချဲ့ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။