ပြုံယမ်း၊ သြဂုတ် ၆ ။ ။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၂ ရက်အတွင်းမှာ လေးကြိမ်မြောက်အဖြစ် အမျိုးအမည်မသိ ဒုံးကျည်နှစ််စင်းကို ပစ်လွှတ်ပြန်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
အခု ဒုံးကျည်တွေကို တောင်ပိုင်း ဟွမ်ဟီးပြည်နယ်ကနေ ပစ်လွှတ်တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို ဖြတ်ပျံလျက် အရှေ့ဖက် ပင်လယ်ထဲ ကျရောက်သွားကြောင်း တောင်ကိုရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခြေအနေကို စောင့်ကြည့်နေပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေနဲ့ နှီးနှောတိုင်ပင်နေတယ်လို့ အမေရိကန်က ပြောလာပါတယ်။
ထုတ်ပြန်ချက်တစ်ရက်မှာတော့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့််မှု တနင်္လာနေ့မှာ စတင်လုပ်ဆောင်လာတတာကို မြောက်ကိုရီးယားက စိတ်ဆိုးဒေါသထွက်ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်-တောင်ကိုရီးယား အကြီးစားစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၁ ရက်မှာ စတင်မှာ ဖြစ်ပေမယ့် အဓိက ပြင်ဆင်လေ့ကျင့်မှုတွေကို ကြိုတင်လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။
ဒီ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက အရင်ကလည်း ပြောထားဖူးတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံဟာ ဒီ စစ်ရေးလေ့ကျင့်မှုကို တရားမျှတမှု ရှိတယ်လို့ ဖုံးဖိဖို့ ကြိုးစားပေမယ့်လည်း သူတို့ရဲ့ ရန်လိုတဲ့ သဘောထားကို မဖုံးနိုင် မဖိနိုင်ဘဲလှစ်ဟပြလျက် ရှိနေတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ရပ်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။