တပ်မတော်နဲ့ ညှိနှိုင်းမှု မရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲနေလိမ့်ဦးမယ်လို့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ယူခဲ့သူ လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။
လက်ရှိ အာဏာရပါတီက လွှတ်တော်မှာ ကြိုးပမ်းနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်းက ဩဂုတ်လ ၄ရက်နေ့ ညနေပိုင်းက နေပြည်တော်က နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
ရိုက်ကူး/တည်းဖြတ် - မင်းမင်း