ပါကစ္စတန်လူနေရပ်ကွက်ထဲ စစ်လေယာဉ် ပျက်ကျ၍ ၁၇ ဦး သေဆုံး

ပါကစ္စတန်လူနေရပ်ကွက်ထဲ စစ်လေယာဉ် ပျက်ကျ၍ ၁၇ ဦး သေဆုံး

အစ္စလာမ္မာဘတ်၊ ဇူလိုင် ၃၀ ။         ။ ပါကစ္စတန် စစ်လေယာဉ်တစ််စင်းဟာ လေ့ကျင့်ပျံသန်းစဉ်မှာ ရာဝါပင်ဒီမြို့က လူနေရပ်ကွက်ထဲ ပျက်ကျတာကြောင့် စစ်လေယာဉ်ပေါ်လိုက်ပါသူ  ငါးဦးနဲ့ အရပ်သား ၁၂ သေဆုံးကြောင်း စစ်တပ်ဆက်သွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

မြို့ထဲ ပျက်ကျပြီး မီးလောင်တဲ့ ဒီစစ်လေယာဉ်ပျက်ကျမှုမှာ အရပ်သား ၁၂ ဦး ဒဏ်ရာရပါတယ်။ ဖြစ်ပွားရာဆီ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ပြီး မီးကို ငြိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော််ပြပါတယ်။

“ပျက်ကျတာကတော့ စစ်လေယာဉ်ငယ်တစ်စင်းပါ။ လူနေရပ်ကွက်ထဲ ပျက်ကျတာပါ။ ခုချိန်ထိတော့ ရုပ်အလောင်း ၁၇ လောင်းကို ရှာဖွေတွေ့ရှိပါတယ်။”လို့ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရသူ ဖာရော့ဘတ်တကက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ ပါကစ္စစစ်ပ်ရဲ့ လေကြောင်းယူနစ်က လေယာဉ်ဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါ။

“ပေါက်ကွဲသံကြီးကြောင့် ကျွန်တော် လန့်နိုးလာတယ်။ လူတွေ အော်သံတွေလည်း ကြားတယ်။ ကယ်ဆယ်ဖို့ ကျွန်တော်တို့ ကြိုးစားပေမယ့် လောင်နေတဲ့ မီးက တော်တော်လေး ပြင်းတယ်။”လို့ ရပ်ကွက်နေ မိုဟာမတ်ဆာဒစ်က ပြောခဲ့ပါတယ်။

လေယာဉ်ဟာ မပျက်ကျခင်ကတည်းက မီးလောင်နေပုံရကြောင်း အခြားအရပ်သားတစ်ဦးကလည်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly