အစ္စလာမ္မာဘတ်၊ ဇူလိုင် ၁၇ ။ ။ ပါကစ္စတန်မြောက်ပိုင်းမှာ မုတ်သုံမိုး သည်းထန််စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ရာမှာ သေဆုံးသူ ၂၂ ဦး ရှိပြီး ငါးဦး ဒဏ်ရာရပါတယ်။
ဒီ ရေဘေးအတွင်းမှာ ပျက်စီးတဲ့ အိမ်ခြေပေါင်း ၁၅၀ ကျော် ရှိတယ်လို့ တာဝန််ရှိသူတွေက အီးပီအေသတင််းဌာနကို ဇူလိုင် ၁၅ ရက်က ပြောပါတယ်။
နီးလမ်းတောင်ကြား လီစဝါအရပ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာ တနင်္ဂနွေနေ့မှာ ရေကြီးမှုတွေ ဖြစ်ပွားပေါ်ပေါက်တာဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးရုံး ပြောခွင့်ရသူ ကာရှမီးယားက ပြောပါတယ်။
“အစ္စလာမ်တရားဟောဆရာ ၁၁ ဦး အပါအဝင် သေဆုံးသူ ၂၂ ဦး ရှိပါတယ်။”လို့ ၎င်းက ပြောပြီး ဒဏ်ရာရသူ ငါးဦးရှိကြောင်းလည်း ဆိုပါတယ်။
ရေကြီးမှုကြောင့် အိမ်ခြေ ၁၅၀ ကျော်နဲ့ ဗလီနှစ်လုံးအပါအဝင် လီစဝါစျေးလည်း ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ အခြားမြို့ဆီ ရွှေ့ပြောင််းကြရပါတယ်။
လာမယ့် လေးရက်အထိ မိုးသည်းထန်နေဦးမယ်လို့ ခန့်မှန်းထားပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေဘေးသင့်ရာ ဒေသဆီ သွားရောက်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။
ဇူလိုင်လကနေ စက်တင်ဘာလအတွင်း မုတ်သုံရာသီအွင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပြီး လူသေဆုံးတာနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံရလေ့ ရှိပါတယ်။