ဝန်ကြီးအမည် မတင်သွင်းနိုင်သေးသောကြောင့် ဧရာဝတီတိုင်းလွှတ်တော် အစည်းအဝေးကို ခေတ္တရပ်နားထားကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ကို ဇူလိုင်လ ၂ရက်နေ႔တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၊ပထမနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့တွင် လူဝင်မှု ကြီးကြပ် ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ႔စည်းခြင်းအား လွှတ်တော်၌ သဘောထားရယူခဲ့သည်။
“ဝန်ကြီးချုပ်ဆီက လွှတ်တော်ကိုတင်ရမယ်။ ဝန်ကြီးချုပ်ဆီကနေ မနေ႔က ညနေရုံးပိတ်ချိန်အထိ အဆင့်သင့်မဖြစ်သေးဘူး။ အဲဒီအတွက် အရေးပေါ်အစည်းအဝေးခေါ်ထားတာကို ဆက်ပြီး ထိန်းထား ပေးပါ၊ဒီနေ႔ ဝင်လာရင် နောက်တစ်ရက်နှစ်ရက်အတွင်းခေါ်မှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ႔စွမ်းအားအရင်းအမြစ် ဝန်ကြီး အမည်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းလွှတ်တော်သို႔ တင်သွင်းရမည်ဖြစ်သော်လည်း အမည်စာရင်း တင်သွင်းလာခြင်း မရှိသေးကြောင်း သိရသည်။
ထို့ကြောင့် တိုင်းလွှတ်တော်၏ အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ကို ဇူလိုင်လ၉ရက်နေ့တွင် ရပ်နားခဲ့ပြီး ဆက်လက်ကျင်းပမည့်ရက်ကို ကြေညာမည်ဟု သိရသည်။
ရိုက်ကူး- စည်သူမောင်မောင်