" ဆရာတော်၊ သံဃာတော်များက မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာအတွက် အမျိုးစောင့်တရား ဟောကြား ဆုံးမပေးတာ ဘာကြောင့် ဖမ်းဆီးချုပ်ချယ်ပြီး ဖမ်းဝရမ်းတွေ ထုတ်နေရတာလဲ။ အဲ့ဒီတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြောလိုက်ချင်တယ်။ ၅၅၀ ဇာတ်တော်တွေကိုလည်း ဖတ်ကြည့်ပါဦး လို့" ~အမျိုးသားရေးဆောင်ရွက်သူ ဦးဝင်းစိုး
"တိုင်းပြည်နှင့် အမျိုးဘာသာသာသနာကို ဖိနှိပ်ချုပ်ချယ်ဖျက်ဆီးနေမှုများ ဆန့်ကျင်ရှုတ်ချပွဲ"ဟု အမည်ပေးထား သည့် ဆန္ဒပြပွဲတစ်ရပ်ကို ဇူလိုင်လ ၅ ရက်နေ့၊ ညနေ ၃ နာရီ၊ ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲသို့ မျိုးချစ်ဆိုသူများနှင့် သံဃာတော်များ လာရောက်ခဲ့ကြပြီး ကြွေးကြော်သံများ၊ အလံများ၊ " အမျိုး ဘာသာ သာသနာ ဖျက်ဆီးမှုများ အလိုမရှိ "စသည့်ဖြင့် ရေးသားထားသော စာရွက်များကိုင်ဆောင်ကာ လာရောက်ခဲ့ကြခြင်းဖြစ်သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)