တရုတ်မှာ လေဆင်နှာမောင်းတိုက်ခတ်၍ လူ ၆ ဦးသေပြီး ၂၀၀ နီးပါး ဒဏ်ရာရ

တရုတ်မှာ လေဆင်နှာမောင်းတိုက်ခတ်၍ လူ ၆ ဦးသေပြီး ၂၀၀ နီးပါး ဒဏ်ရာရ

ဇူလိုင် ၄ ။         ။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ယမန်နေ့ ဇူလိုင် ၃ ရက် နေ့လည်ပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်လို့ လူ ခြောက်ဦး သေဆုံးပြီး ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသအာဏာပိုင်တွေက ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။

ယင်းနေ့က လျောင်နင်း ပြည်နယ် ကိုင်ယွမ်မြို့မှာ တိုက်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် သစ်ပင်တွေ ၊ ဓာတ်တိုင်တွေ လဲတာ၊ တိုက်ခန်းအိမ်ယာ အဆောက်အအုံ မှန်ပြတင်းတွေ ကွဲအက်တာ၊ နံရံတစ်ချို့ ပြိုကျတာတို့ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လူပေါင်း ၁၉၀ ကျော်လောက် ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အနက် ၄၃ ဦးဟာ ဆေးရုံတက်ကုသမှုခံယူနေရကြောင်း ကိုင်ယွမ်မြို့ အများပြည်သူလုံခြုံရေးဗျူရိုက ထုတ်ပြန်ပါတယ်။

ယခုလို ပြင်းထန်တဲ့ သဘာဝဘေးကြောင့် မြို့တွင်းမှာ လူနေအိမ်ပေါင်း ၃,၆၀၀ လောက် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ မြို့နေပြည်သူ ၉,၉၀၀ ကျော်လောက် ထိခိုက်ခဲ့ရကြောင်းလည်း သိရပါတယ်။

ရာသီဥတု ပြောင်းလဲခြင်းကြောင့် ခုလိုမျိုး  ပြင်းထန်သဘာဝဘေးဖြစ်စဉ်တွေ ဖြစ်ပေါ်လာတာဖြစ်ကြောင်း နိုင်ငံရဲ့ ရာသီဥတု ဗျူရိုက ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly