G20 စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ Donald Trump မဟာမိတ်တွေကို အာမခံ၊ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်းတွေကြား ဒုတိယအကြိမ် စကားစစ်ထိုး၊ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးပါတီတွေ တခုနဲ့တခု အသာစီးရဖို့အတွက် မဲဆန္ဒနယ်မြေ လိုသလို ပြင်ဆင်သတ်မှတ်တာတွေကို တရားရုံးချုပ်အနေနဲ့ ကြားဝင်မည် မဟုတ် စသဖြင့်
တရုတ် ကုန်ထုတ်လုပ်ငန်းတချို့ မြန်မာပြည်ထဲ ပြောင်းရွှေ့
အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဖြစ်နေချိန်မှာပဲ တရုတ်နိုင်ငံက ပြည်ပပို့ကုန်လုပ်ငန်းရှင် တချို့က လုပ်ငန်းတွေကို အိမ်နီးချင်း မြန်မာနိုင်ငံထဲ ပြောင်းရွှေ့လာနေကြပါတယ်။ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာနေတာကြောင့်ရော၊ ကုန်သွယ်ရေးစစ်ပွဲကြောင့်ပါ တရုတ်လုပ်ငန်းရှင်တွေ ဒေသတွင်း နိုင်ငံတွေကို ခြေဦးလှည့်လာနေတဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုအခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။
သောက်သုံးရေပြဿနာ ဖြေရှင်းနိုင်မယ့်နည်းသစ်
အနာဂတ်မှာ လူသားတွေ ရင်ဆိုင်ရမယ် အဓိက စိန်ခေါ်မှုကြီး နှစ်ခုဟာ ရေ နဲ့ ပတ်သက်ပါတယ်။ ဥတုရာသီပြောင်းလဲ လို့ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာဟာ ရေများလွန်းတဲ့ ပြဿနာပါ။ နောက်တခုကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ နည်းပါးတဲ့ ပြဿနာဖြစ်ပါတယ်။ အခုလို သောက်သုံးရေ ပြဿနာကို ဆားငန်ရည်သန့်စင်တဲ့ သုတေသနတခုက ဖြေရှင်းနိုင်တာကို Kevin Enochs သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
Pop Culture အစီအစဉ်
အခုဆက်ပြီး Pop Culture အစီအစဉ်ကနေ ကျော်ကြားသူတွေနဲ့ နိုင်ငံတကာမှာ လူပြောများနေတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတချို့ကို မစုမြတ်မွန်က စုစည်းတင်ဆက်ပေးပါမယ်။
(Mizzima TV ရုပ်သံလိုင်းနှင့် VOA မြန်မာပိုင်းမှ သတင်းစုံလင် (၁၅) မိနစ်အစီအစဉ်ကိုတနင်္လာနေ့မှ သောကြာနေ့ထိ နံနက် (၈)နာရီတွင် တင်ဆက်ပေးနေပါသည်။ )