အုပ်စု (C) ရလဒ်
အီကွေဒေါ ၁-၁ ဂျပန်
မီနာ ၃၅' - နာကာဂျီမာ ၁၅'
ချီလီ ၀-၁ ဥရုဂွေး
ကာဗနီ ၈၂'
ဇွန်လ ၂၅ ရက်၊ မနက်အစောပိုင်းက ကစားသွားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စု (C) နောက်ဆုံးပွဲစဉ်တွေမှာ ဥရုဂွေးက လက်ရှိချန်ပီယံ ချီလီကို အနိုင်ရခဲ့ပြီး အီကွေဒေါနဲ့ ဂျပန်တို့ကတော့ တစ်ဂိုးစီသရေကျခဲ့တာကြောင့် နှစ်သင်းစလုံး နောက်တဆင့်ကို မတက်ရောက်နိုင်ခဲ့ပဲ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲရလဒ်ကြောင့် အုပ်စုတဖက်မှ ပါရာဂွေးက အခွင့်ကောင်းရယူသွားခဲ့ပါတယ်။
ဥရုဂွေးဟာ ပွဲကစားချိန် (၈၂)မိနစ်မှာ ကာဗာနီရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ချီလီကို အနိုင်ယူခဲ့ပြီး အုပ်စုပထမနေရာကို အရယူနိုင်ခဲ့ပါတယ်။ အုပ်စုအတွင်းက ဂျပန်နဲ့ အီကွေဒေါပွဲမှာ အနိုင်ရတဲ့အသင်းက အကောင်းဆုံး တတိယအသင်းအဖြစ် နောက်တစ်ဆင့်ကို တက်မှာဖြစ်ပေမယ့်လည်း သရေကျခဲ့လို့ နှစ်သင်းလုံးအတွက် နစ်နာခဲ့ရပါတယ်။
ဂျပန်က နာကာဂျီမာရဲ့ ပွဲချိန်အစောပိုင်း (၁၅)မိနစ်မှာ သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်မိနစ် (၂၀)အကြာမှာ အိန်ဂျယ်မီနာရဲ့ သွင်းဂိုးနဲ့ ပြန်ချေပခဲ့ပါတယ်။ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ နှစ်သင်းလုံးက နိုင်ပွဲလိုအပ်တာကြောင့် အစွမ်းကုန်ကြိုးစား ကစားခဲ့ကြပေမယ့် ပွဲအပြီးအထိ ဂိုးမသွင်းနိုင်ခဲ့ကြလို့ နစ်နာခဲ့ရပါတယ်။
ဒါပေမယ့် ဒီပွဲအဖြေကြောင့် အုပ်စု (ခ)မှာ နိုင်ပွဲတစ်ပွဲမှ မရပဲ တတိယနေရာရခဲ့တဲ့ ပါရာဂွေးက ကံကောင်းစွာပဲ နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပါရာဂွေးနဲ့ ဂျပန်ဟာ ရမှတ်တူနေခဲ့ပေမယ့် ဂိုးကွာခြားချက်မှာ ပါရာဂွေးက သာစီးရယူခဲ့တာလည်းဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲတွေကို ဇွန် (၂၇)ရက်နေ့မှာ စတင်ကစားသွားမှာဖြစ်ပြီး ဘရာဇီးလ်နဲ့ ပါရာဂွေး၊ ဗင်နီဇွဲလားနဲ့ အာဂျင်တီးနား၊ ကိုလံဘီယာနဲ့ ချီလီ၊ ဥရုဂွေးနဲ့ ပီရူးတို့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
ကိုပါအမေရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ
ဘရာဇီးလ် v ပါရာဂွေး (ဇွန် ၂၇)
ဗင်နီဇွဲလား v အာဂျင်တီးနား (ဇွန် ၂၈)
ကိုလံဘီယာ v ချီလီ (ဇွန် ၂၈)
ဥရုဂွေး v ပီရူး (ဇွန် ၂၉)